အရင်ဆုံး AWS Exam အတွက်မပြင်ဆင်ခင် ဘာကြောင့် AWS Exam ကိုဖြေသင့်တာလဲဆိုတာအရင် discuss လုပ်ကြည့်ရအောင်။ (တော်တော်များများကကျွန်တော့်ကိုယ်ပိုင်အမြင်တွေပါ။) AWS စာမေးပွဲဖြေမယ်ဆို AWS နှင့်အလုပ်လုပ်ဖို့အစီအစဥ်ရှိတဲ့သူ သို့ အလုပ်မှာတကယ့်ကိုလက်တွေ့လုပ်နေတဲ့သူတွေအတွက် ပိုအကြိုးရှိပါလိမ့်မယ်။ တကယ်လက်တွေ့မလုပ်ဘဲနှင့် သို့ လုပ်ဖို့အစီအစဥ်မရှိဘဲနှင့် Exam ဖြေတယ်ဆိုရင် Exam Certificate သတ်တမ်းတစ်နှစ်မပြည့်ခင်မှာဘဲအကုန်မေ့ကုန်ပါလိမ့်မယ်။
ကိုယ်က AWS နှင့်အလုပ်လုပ်မယ် သို့ အလုပ်လုပ်နေတယ်ဆိုရင်တော့ Exam အတွက်ပြင်ဆင်သင့်ပါတယ်။ Exam ကိုမဖြေချင်ဘူး သို့ ဖြေဖို့မတက်နိုင်ဘူးဆိုရင်လည်း Exam အတွက် Prepare လုပ်ထားတဲ့ Course တွေကိုတက်သင့်ပါတယ်။ ဘာလို့လည်းဆိုရင် AWS Exam အတွက် Prepare လုပ်ထားတဲ့ Free Course တွေအများကြီးရှိပြီးတော့ ကိုယ်ဘာလုပ်လို့လုပ်နေမှန်းမသိတာတွေကို ဘာကြောင့်ဘယ်လိုလုပ်ရမယ်ဆိုတာသိသွားပါလိမ့်မယ်။ တနည်း အကြိုးရှိသွားပါလိမ့်မယ်။
ဘယ်ကနေစမလဲ…
Exam ဖြေမယ်ဘယ်ကစလို့စရမှန်းမသိဘူးဆိုရင် Cloud Practitioner ကနေစသင့်ပါတယ်… အောက်မှာဖြေပြထားတဲ့ YouTube Video က Freecodecamp မှာဒီ Cloud Practitioner အတွက်ပြင်ဆင်ဖို့ တင်ထားတဲ့ Course ပါ။ အဲ့ဒီကနေစလိုက်ပါ။
ဘယ်လိုပြင်ဆင်မလဲ…
အထက်ကအဆင့်ပြီးသွားပီဆိုရင် AWS Website မှာရေးထားတဲ့ Guide ကိုဖတ်ကြည့်ပြီးကိုယ်ဘယ် Path ကိုသွားချင်တယ်ဆိုတာကိုရွေးချယ်ပါ။

Associate-level AWS Certifications Exam အတွက်ပြင်ဆင်ဖို့ Freecodecamp မှာတင်ထားတဲ့ Free courses တွေရှိပါတယ်။ အဲ့ဒီကနေပြင်ဆင်ပြီးတော့ Exam အတွက်ပြင်ဆင်နိုင်ပါတယ်။
Course ကို Addition အနေနှင့် ပြင်ဆင်ခြင်သေးတယ်ဆိုရင် Udemy က Stephane Maarek ရဲ့ Courses တွေကိုတက်ပီးတော့ ပြင်ဆင်နိုင်ပါတယ်။ (သတိထားစရာတစ်ခုက Udemy မှာအမြဲတမ်း discount ရှိပါတယ် ဘယ်တော့မှဒေါ်လာရာချီပီးမပေးပါနှင့်)။ Online payment ဘယ်ကောင်တွေအဆင်ပြေလဲဆိုရင် CB JCB ကအတော်လေးအဆင်ပြေပါတယ်။ Visa/Master တွေရှိတယ်ဆိုရင်တော့အသုံးဝင်ဆုံးပေါ့။
Course ပြင်ဆင်ပြီးပီဆိုရင်နောက်တစ်ဆင့်ပြင်ဆင်စရာရှိပါသေးတယ်။ အဲ့ဒါက Practice Tests ပါ။ Tutorials Dojo က Practice exam တွေကိုပြင်ဆင်ပါ။ များသောအားဖြင့်တစ်ကြိမ်းတည်း Pass ဖြစ်ဖို့မလွယ်ပါဘူး။ နှစ်ခါဖြေပြီး 80%/90% အထက်ဆိုရင် တော်တော်လေးအခြေအနေကောင်းနေပါပီ။ Exam ကိုသွားမဖြေခင် Practice exam ကိုအရင်ဆုံးဖြေတာက exam pass ဖို့ ရာခိုင်းနှုန်းအတော်လေးများပါတယ်။ ဒါကြောင့် Practice exam ကို ကျော်မသွားစေချင်ပါဘူး။
ပုံမှန် Exam အတွက်အေးဆေးဖြစ်ချင်တယ်ဆိုရင် တစ်လလောက်အချိန်ယူပီးလုပ်ပါ။ ဘယ်နေ့စာမေးပွဲသွားဖြေမလဲဆိုတာကိုသတ်မှတ်ထားပါ။ ကိုယ့်ကိုယ်ကို deadline ထားပါ။ မဟုတ်ရင် ဖြေဖြစ်ဖို့ရာရာခိုင်နှုန်းအရမ်းနည်းပါတယ်။
Course ကြည့်မယ်… lab တွေလိုက်လုပ်မယ် Practice exam ဖြေမယ်ဆိုရင် exam ကထင်တာထက်ပိုလွယ်ပါလိမ့်မယ်။ ဒါပေမယ့် လေ့လာစရာတွေအများကြီးလုပ်စရာတွေအများကြီး ဖြစ်နေတဲ့အတွက် နည်းနည်းတော့ခေါင်းခဲနိုင်ပါတယ်။ ပုံမှန်တစ်နေ့ကိုနှစ်နာရီလောက် လေ့လာလိုက်ရင်အတော်လေးအဆင်ပြေပါလိမ့်မယ်။
စာမေးပွဲသွားဖြေမယ်…
အားလုံး ready ဖြစ်ပီဆိုရင် Exam Schedule လုပ်ရပါမယ်။ 24 hours ကြိုလုပ်ရပါမယ်။ ကျွန်တော့်တုန်းကတော့ Exam center ကိုမြေနီကုန်း KMD မှာရွေးပါတယ်။ အတွေ့အကြုံအရ မြေနီကုန်း KMD Exam center ကတော်တော်လေးကိုအဆင်ပြေပါတယ်။ မှတ်ပုံတင် သို့ ကျောင်းသားကဒ် သို့ လိုင်စင်ကဒ် လိုမျိုးတစ်ခုခုယူသွားရပါ့မယ်။ လိုအပ်တာတွေဖြည့် ဓာတ်ပုံရိုက်ပီးတော့ ကိုယ်ပါလာတဲ့လွယ်အိတ်ဖုန်းပိုက်ဆံအိတ်အစရှိတာတွေကို locker ထဲထည့်ပီးတော့ စာမေးပွဲစဖြေရပါတယ်။
ကွန်ပျူတာက Full-screen နှင့် Question တစ်ခု multiple-choice တွေဖြေရပါတယ်။ Practice exam လိုပါဘဲ။ ဒီမှာကတော့ Window App ကို Full-screen နှင့်ဖြေရတာပေါ့။ သိပ်မသေချာတဲ့ answer တွေကို review လုပ်ဖို့မှတ်သားနိုင်တာတွေလည်းပါပါတယ်။ အားလုံးဖြေပြီးသွားတဲ့အခါမှာ survey ဖြေရပါတယ်။ ပီးသွားရင် Pass or Fail Message ကို screen မှာမြင်ရပါတယ်။ Official email ကတော့တစ်ရက်လောက်ကြာတက်ပါတယ်။
Exam အောင်တာကျတာ သို့ ဖြေတာမဖြေတာထက် အရေးကြီးတာကကိုယ်တကယ်လုပ်နိုင် မလုပ်နိုင်ဆိုတာပါဘဲ။ ဒါကြောင့် အသစ်အသစ်တွေကိုလေ့လာရင်း ကိုယ်တကယ်လုပ်နိုင်အောင် လေ့ကျင့်လိုက်ကြရအောင်။