Web Development ကို Online course တွေကြည့်ပြီး ဘယ်လိုလေ့လာမလဲ (For Absolute Beginner) – အပိုင်း ၁

အခုရက်ပိုင်းမြန်မာ Developer Community တွေကိုလိုက်ကြည့်ဖြစ်တယ်။ တော်တော်များများက လေ့လာချင်တယ်။ ဘယ်ကနေဘယ်လိုစရမလဲကိုမသိဘူး။ သင်တန်းတွေ Share တာတွေတွေ့တယ်… တစ်ချို့တွေက Programming ကို ငယ်ငယ်က ကျောင်းမှာသင်သလိုမျိုးသင်နေတာတွေတွေ့ရတယ်။ မသိတဲ့သူကလည်းတက်မှာဘဲ သင်နေတဲ့သူတွေကလည်းသင်မှာဘဲ။ အဲ့လိုမျိုးဖြစ်နေတာတွေတွေ့ရတာနှင့် အခုမှစပြီး Web Development ကို အခြေခံကနေ ဘယ်လိုလေ့လာရမလဲဆိုတဲ့ ဒီ post ကိုရေးဖို့ဖြစ်လာရတာပါဘဲ။

ဒီ Post ကလုံးဝစလုံးရေစမယ့်သူတွေအတွက်ရည်ရွယ်ပီးရေးသားပါတယ်။ ဒီ Post ကိုဖတ်ကြည့်ပြီးတော့ နားမလည်တာ မသိတာတွေရှိရင် comment မှာသေချာမေးနိုင်ပါတယ်။ အတက်နိုင်ဆုံးအလွယ်ကူဆုံးဖြစ်အောင် ပြန်လည်ဖြေကြားပေးသွားပါ့မယ်။

ပထမဆုံးအားလုံးကိုသတိပေးချင်တာကတော့ ဇွဲရှိဖို့ပါ။ ကိုယ်ပိုင်လေ့လာမယ်ဆိုဇွဲရှိဖို့လိုတယ်။ ပုံမှန်လေးသွားနေဖို့လိုတယ် တစ်နေ့တစ်လံပုဂံဘယ်ရွေ့မလဲဆိုသလိုပေါ့။ နောက်ထပ်သတိပေးချင်တာက ကိုယ်မသိတာတွေအများကြီး ကိုယ့်ထက်သိတဲ့တက်တဲ့သူတွေအများကြီးဆိုတာပါ။ မသိတာရှိရင်မေးပါ။ မေးတာမှားနေတာကိုထောက်ပြရင် လက်ခံနိုင်အောင်ကြိုးစားပါ။ အဖြေတိုင်းကိုလည်းမယုံပါနှင့် ကိုယ့်ဘာသာကိုစဥ်းစားပြီးတော့ရုံသင့်တာကိုဘဲရုံပါ။ တရားဟောတာနည်းနည်းများသွားပီ။ ဘယ်ကနေစမလဲဆိုတာကို အောက်မှာဖတ်နိုင်ပါပီ။

ဒါနှင့် Web Development ဆိုတာဘာလဲ ဘာတွေသိဖို့လိုအပ်သလဲ… ဒါတွေကိုသိဖို့ဆိုအောက်ဖော်ပြပါ Video ကိုကြည့်လိုက်ရအောင်…

Beginner မလို့အကုန်လုံးဝမြန်မာလိုရေးမယ်ထင်တာလို့ ပြောမယ့်သူတွေရှိကောင်းရှိပါလိမ့်မယ်။ ကျွန်တော်နားလည်ပါတယ်။ မြန်မာလို Video နှင့်ဒီလို beginner ရှင်းပြတာတွေသိပ်မတွေ့ဖြစ်တာရယ်။ ကျွန်တော်ကိုယ်တိုင်မြန်မာလိုမလုပ်ဖြစ်တာတွေကြောင့်မလို့ အရှင်းဆုံးဖြစ်မယ့် YouTube က Video ကိုရှာပြီးတော့ ပထမဦးဆုံးဝေမျှတာပါ။

အထက်မှာ share လုပ်ပေးထားတဲ့ Video ကိုနားမလည်ဘူးဘာတွေပြောနေတာလဲဆိုပြီးလက်လျော့မပြစ်လိုက်ပါနှင့် subtitle ကိုဖွင့်ပြီးမြန်မာဘာသာရွေးကြည့်ရင်တောင်အတိုင်းအတာတစ်ခုထိသိလာပါလိမ့်မယ်။ ဒီ Video မှာ Web Development ဆိုတာဘာလဲဆိုတာကို သိအောင်သေချာရှင်းပြထားပါတယ်။

ဒီအပိုင်းကိုကြည့်ပြီးသွားပီဆိုရင်တော့ Web Developmet ဆိုတာဘယ်အပိုင်းတွေပါတယ်။ ဘယ်လိုမျိုးဆိုတာ အနည်းနှင့်အများတော့သိသွားလောက်ပါပီ။ ဒီနေရာမှာတစ်ခုပြောချင်တာက ကိုယ့်ကိုယ်ကိုမလိမ်ပါနှင့်ဆိုတာဘဲ။ နားမလည်တာကိုနားလည်ချင်ယောင်မဆောင်ပါနှင့် မသိသေးဘူး အထက်က Video ကိုမကြည့်ရသေးဘူး သို့ နားမလည်သေးဘူးဆိုလျှင်နောက်တစ်ခေါက်ပြန်ကြည့်ပါ။

ဒီလောက်ရောက်လာရင်တော့ သေချာပေါက်ကြည့်ပြီးလောက်ပီလို့ထင်ပါတယ်။ အထက်က Video ထဲမှာပြောသွားတဲ့အတိုင်းဘဲကုဒ်ရေးဖို့ coding editor လိုအပ်ပါတယ်။ ကျွန်တော်တို့ VSCode ကို install လုပ်ပါ့မယ်။ ဒီ link ကနေပြီး VSCode ကို download လုပ်ပြီး install လုပ်လိုက်ပါ။

Code Editor ကို install လုပ်ပြီးပီဆိုတော့ ကုဒ်ရေးဖို့အဆင်သင့်ဖြစ်နေလောက်ပြီပေါ့။ ဒါဆိုရင် အောက်ဖော်ပြပါ Video မှာ HTML ကိုလေ့လာလိုက်ကြရအောင်…

အထက်ဖော်ပြပါ course မှာဆိုရင် HTML ကိုအခြေခံကနေပြီးတော့ လိုတိုရှင်းသင်ပေးသွားပါတယ်။ ပထမဆုံး coding editor နှင့်သူရေးတာတွေကိုလိုက်ရေးလိုက်စမ်းဖို့လိုအပ်ပါတယ်။ သူက English လိုပြောတာနားမလည်ဘူးဆိုလည်း sub-title on ပြီးတော့သေချာလိုက်လုပ်ဖို့တိုက်တွန်းလိုပါတယ်။ ကျွန်တော်စလုပ်ခါစတုန်းကဆို HTML ကိုစာရွက်ပေါ်မှာကိုချရေးတယ်။ Computer မရှိအင်တာနက်မရှိနှင့်ပေါ့။ အခုခေတ်ကတော့ လူတော်တော်များများမှာဖုန်းနှင့် internet ရှိနေကြပါပီ စာရွက်ပေါ်မှာရေးပြီးကျင့်စရာမလိုတော့ပါဘူး။Computer/Laptop မှာဘဲ သေချာအရေးကျင့်ပါ။

စလုပ်ခါစလူဆို ဒီ HTML ကိုတစ်ရက်ကနေသုံးရက်လောက်ထိကြာနိုင်ပါတယ်။ လေ့လာတဲ့နေရာမှာ အရမ်းလောစရာလည်းမလိုပါဘူး။ ပုံမှန်လေးလုပ်ဖို့ကအဓိကပါ။ တစ်နေ့ကို ၂/၃ နာရီလောက်လုပ်တောင် မဆိုးပါဘူး။ အဓိကကတော့ပုံမှန်လေ့လာဖို့ပါ။

ကဲခုဆို HTML ဆိုတာဘာလဲသိသွားပီ။ နောက်တစ်ဆင့် CSS ကိုလေ့လာလိုက်ကြရအောင်။

HTML နှင့်ရေးထားတဲ့ Web Page တွေကိုအလှဆင်ကြမယ်ပေါ့။ သူက HTML ထက်နည်းနည်းပိုခက်လိမ့်မယ်။ အချိန်တစ်ပတ်လောက်ထိပေးပြီးတော့ လိုအပ်ရင်နှစ်ခါသုံးခါ video ကိုပြန်ကြည့်ပြီးတော့ ကိုယ်တိုင်သေချာလိုက်ရေးပေးဖို့လိုမယ်။

အခုဆိုရင် HTML/CSS ကိုတီးမိခေါက်မိရုံသာမက ကိုယ်ပိုင် simple page လေးတွေရေးတက်နေလောက်ပီလို့ထင်ပါတယ်။ ဒီ stage ထိရောက်လာတယ်။ အပေါ်က course တွေကိုလည်းတကယ်သေချာလုပ်ခဲ့တယ်ဆိုရင် တော်တော်လေးအခြေအနေကောင်းနေပါပီ။ နောက်အဆင့်တွေတဖြည်းဖြည်းလုပ်ရင်းနှင့် သေချာကျွမ်းကျင်လာပါလိမ့်မယ်။


လောလောဆယ် ပထမပိုင်းကတော့ ဒီလောက်ပါဘဲ။ နောက်အပိုင်းတွေမှာ ဒီအဆင့်ပြီးရင်ဘာတွေလုပ်မလဲဆိုတာကိုထပ်ထည့်ရေးသားပေးပါ့မယ်။ ဒီအပိုင်းကိုလေ့လာသူအနေဖြင့် တစ်လလောက်အချိန်ယူပြီးလုပ်လျှင် ဒီအပိုင်းမှာပါတဲ့ HTML/CSS ကိုသေချာရေးတက်သွားပါလိမ့်မယ်။ နောက်အဆင့်တွေမှာ ဒီပထမအဆင့်လိုဘဲ တစ်ဆင့်ခြင်း ရှေ့ဆက်ဖို့ရေးသားသွားပါဦးမယ်။

    1. ဟုတ်ကဲ့ နောက်အပိုင်းတွေမှာလည်း Beginner တွေအတွက်လုံးဝဘယ်ကနေစရမလဲဆိုတာကိုသေချာရေးပေးဦးမှာဖြစ်လို့ တခြားလေ့လာချင်တဲ့သူတွေရှိရင် sharing လုပ်ပေးပါ။

Leave a Reply