Big O Notation ဆိုတာဘာလဲ

Computer ကျောင်းဆင်းတွေဆိုရင်တော့ Big O ဆိုတာဘာလဲသိကြမယ်ထင်တယ်။ ကျွန်တော်တော့ ကိုယ့်ဘာသာ Algorithm Courses တွေလိုက်တက်ရင်းဟိုဖတ်ဒီဖတ်ဖတ်ရင်းမှ Big O ဆိုတာကြားဖူးပြီးလေ့လာဖြစ်တာပါ။ ကျွန်တော့်အတွက်တော့စလုပ်ခါစမှာ သိပ်မလွယ်ဘူးလို့ခံစားရပါတယ်။ ကျွန်တော်တက်နိုင်သလောက် အလွယ်ကူဆုံးဖြစ်အောင်တော့ကြိုးစားပြီး References တွေယူပြီးရှင်းပြထားပေးပါတယ်။ Big O ဆိုတာဘာလဲကအရင်စလိုက်ကြရအောင်။ ရိုးရိုးရှင်းရှင်းနားလည်အောင်ပြောရမယ်ဆိုရင် Big O ဆိုတာ Programmer အချင်း Algorithm တွေအကြောင်းပြောတဲ့နေရာမှာသုံးတဲ့စကားဖြစ်ပါတယ်။ Algorithm ထပ်ရှင်းရမယ်ဆိုရင် ကျွန်တော်တို့ရေးနေတဲ့ Function တွေဟာ Algorithm တွေလို့အကြမ်းဖျင်းမှတ်သားနိုင်ပါတယ်။ အဲ့တော့ Big O ဆိုတာ ကျွန်တော်တို့ရေးသားနေတဲ့ Program ထဲက Function တွေက input size ပေါ်မူတည်ပြီးတော့နှေးတယ်မြန်တယ်ဆိုတာတွေကိုခွဲခြားပေးတဲ့နည်းလို့ သတ်မှတ်နိုင်ပါတယ်။ နောက် Big O ကိုတစ်နည်း Asymptotic […]