Article အတူတူဖတ်ကြမယ်

တခါတလေစဥ်းစားတာ ကိုယ်တယောက်ထဲစာဖတ်မယ့်အစား ကိုယ်ဖတ်တဲ့စာကို Record လုပ်ပီးသူများတွေအတွက်ပါ ပြန်ဝေမျှရင်ကောင်းမယ်ဆိုပီး။ ဒီ Article Series ကိုအရင်လုပ်မယ်။ အဆင်ပြေတယ်ဆိုရင် နောက်ထပ်ထက်ပီးတော့လုပ်မယ်။ လောလောဆယ်ဖတ်ပြထားတာကတော့ – ✨♻️ JavaScript Visualized: Event Loop ဆိုတဲ့ article ပါ။ နောက်ထပ် article တွေလည်းအဆင်ပြေရင်ပြေသလို record လုပ်ဖတ်ပြသွားပါဦးမယ်။

AWS Certification Exam အတွက်ဘယ်လိုပြင်ဆင်မလဲ

အရင်ဆုံး AWS Exam အတွက်မပြင်ဆင်ခင် ဘာကြောင့် AWS Exam ကိုဖြေသင့်တာလဲဆိုတာအရင် discuss လုပ်ကြည့်ရအောင်။ (တော်တော်များများကကျွန်တော့်ကိုယ်ပိုင်အမြင်တွေပါ။) AWS စာမေးပွဲဖြေမယ်ဆို AWS နှင့်အလုပ်လုပ်ဖို့အစီအစဥ်ရှိတဲ့သူ သို့ အလုပ်မှာတကယ့်ကိုလက်တွေ့လုပ်နေတဲ့သူတွေအတွက် ပိုအကြိုးရှိပါလိမ့်မယ်။ တကယ်လက်တွေ့မလုပ်ဘဲနှင့် သို့ လုပ်ဖို့အစီအစဥ်မရှိဘဲနှင့် Exam ဖြေတယ်ဆိုရင် Exam Certificate သတ်တမ်းတစ်နှစ်မပြည့်ခင်မှာဘဲအကုန်မေ့ကုန်ပါလိမ့်မယ်။ ကိုယ်က AWS နှင့်အလုပ်လုပ်မယ် သို့ အလုပ်လုပ်နေတယ်ဆိုရင်တော့ Exam အတွက်ပြင်ဆင်သင့်ပါတယ်။ Exam ကိုမဖြေချင်ဘူး သို့ ဖြေဖို့မတက်နိုင်ဘူးဆိုရင်လည်း Exam အတွက် Prepare လုပ်ထားတဲ့ Course တွေကိုတက်သင့်ပါတယ်။ ဘာလို့လည်းဆိုရင် AWS Exam အတွက် Prepare လုပ်ထားတဲ့ Free Course တွေအများကြီးရှိပြီးတော့ ကိုယ်ဘာလုပ်လို့လုပ်နေမှန်းမသိတာတွေကို ဘာကြောင့်ဘယ်လိုလုပ်ရမယ်ဆိုတာသိသွားပါလိမ့်မယ်။ တနည်း […]

Web Development ကို Online course တွေကြည့်ပြီး ဘယ်လိုလေ့လာမလဲ (For Absolute Beginner) – အပိုင်း ၁

အခုရက်ပိုင်းမြန်မာ Developer Community တွေကိုလိုက်ကြည့်ဖြစ်တယ်။ တော်တော်များများက လေ့လာချင်တယ်။ ဘယ်ကနေဘယ်လိုစရမလဲကိုမသိဘူး။ သင်တန်းတွေ Share တာတွေတွေ့တယ်… တစ်ချို့တွေက Programming ကို ငယ်ငယ်က ကျောင်းမှာသင်သလိုမျိုးသင်နေတာတွေတွေ့ရတယ်။ မသိတဲ့သူကလည်းတက်မှာဘဲ သင်နေတဲ့သူတွေကလည်းသင်မှာဘဲ။ အဲ့လိုမျိုးဖြစ်နေတာတွေတွေ့ရတာနှင့် အခုမှစပြီး Web Development ကို အခြေခံကနေ ဘယ်လိုလေ့လာရမလဲဆိုတဲ့ ဒီ post ကိုရေးဖို့ဖြစ်လာရတာပါဘဲ။ ဒီ Post ကလုံးဝစလုံးရေစမယ့်သူတွေအတွက်ရည်ရွယ်ပီးရေးသားပါတယ်။ ဒီ Post ကိုဖတ်ကြည့်ပြီးတော့ နားမလည်တာ မသိတာတွေရှိရင် comment မှာသေချာမေးနိုင်ပါတယ်။ အတက်နိုင်ဆုံးအလွယ်ကူဆုံးဖြစ်အောင် ပြန်လည်ဖြေကြားပေးသွားပါ့မယ်။ ပထမဆုံးအားလုံးကိုသတိပေးချင်တာကတော့ ဇွဲရှိဖို့ပါ။ ကိုယ်ပိုင်လေ့လာမယ်ဆိုဇွဲရှိဖို့လိုတယ်။ ပုံမှန်လေးသွားနေဖို့လိုတယ် တစ်နေ့တစ်လံပုဂံဘယ်ရွေ့မလဲဆိုသလိုပေါ့။ နောက်ထပ်သတိပေးချင်တာက ကိုယ်မသိတာတွေအများကြီး ကိုယ့်ထက်သိတဲ့တက်တဲ့သူတွေအများကြီးဆိုတာပါ။ မသိတာရှိရင်မေးပါ။ မေးတာမှားနေတာကိုထောက်ပြရင် လက်ခံနိုင်အောင်ကြိုးစားပါ။ အဖြေတိုင်းကိုလည်းမယုံပါနှင့် ကိုယ့်ဘာသာကိုစဥ်းစားပြီးတော့ရုံသင့်တာကိုဘဲရုံပါ။ တရားဟောတာနည်းနည်းများသွားပီ။ ဘယ်ကနေစမလဲဆိုတာကို အောက်မှာဖတ်နိုင်ပါပီ။ […]

Valid anagram

မှတ်ချက် – ဒီ Post သည် Algorithm Interview Preparation အပိုင်းဆက်ဖြစ်သည်။ ကျွန်တော်တို့ဒီနေ့ solve လုပ်မယ့် problem ကတော့ Valid anagram ဘဲဖြစ်ပါတယ်။ Leetcode က Question တစ်ခုဘဲဖြစ်ပါတယ်။ ပထမဦးဆုံး Question ကိုတစ်ချက်ကြည့်လိုက်ရအောင် string နှစ်ခုပေးမယ် s နှင့် t ဆိုပြီးတော့။ အဲ့ဒါကိုကျွန်တော်တို့စစ်ကမှာက t is an anagram of s ဖြစ်လားဆိုတာကိုပါဘဲ။ Question မှာမှတ်ချက်ပါသေးတယ်။ ဘာလဲဆိုရင် string တွေက lowercase alphabets တွေဘဲပါပါ့မယ်တဲ့။ Follow up မေးနိုင်တာကတော့ input မျာ unicode characters တွေပါရင်ဘယ်လိုဖြေရှင်းမလဲတဲ့။ အဖြေမစခင် Anagram ဆိုတာဘာလဲနှင့် Example တစ်ချို့ကိုအရင်ကြည့်လိုက်ရအောင်။ […]

Logarithms ဆိုတာဘာလဲနှင့် O(log n) ဘယ်လိုတွက်မလဲ

Big O အကြောင်းရေးတော့ O(log n) အကြောင်းပါတစ်ခါတည်းရှင်းပြမလို့ဘဲ။ ဒါပေမယ့် Logarithms ဆိုတာဘာလည်းရှင်းပြရဦးမယ်ဆိုပြီး နောက်ထပ် Post တစ်ခုလုပ်ဖို့ဆုံးဖြတ်လိုက်တာ။ ဒီ Post မှာ Logarithms ကို ရှင်းပြရင်းနှင့် O(log n) ပါတစ်ခါတည်းရှင်းပြပါ့မယ်။ ကျောင်းတုန်းကတော့ Logarithm ကိုသင်ခဲ့ဖူးတယ်။ ကျွန်တော်တော့မေ့ကုန်လို့ Khan Academy ကပြန်ကြည့်ရတယ်။ ပထမဆုံး Logarithms ဆိုတာဘာလဲကအရင်စရှင်းကြရအောင်… အထက်ဖော်ပြပါပုံရဲ့ ပထမ line မှာဆိုရင် 2 ^ 4 (2 power 4) က (2 x 2 x 2 x 2) 2 ကိုလေးခါမြှောက်တာနှင့်တူတယ်။ ဒုတိယ line မှာဆိုရင် 2 […]

DNS Record, what are A, CNAME, MX Records…?

ပထမဆုံး DNS Record အကြောင်းမပြောခင်… ကျွန်တော်တို့ပုံမှန်အသုံးပြုနေတဲ့ web browsing အကြောင်းကိုအရင်ပြောလိုက်ကြရအောင်။ ဥပမာ ygncode.com ကို browser URL မှာရိုက်ရှာလိုက်ပြီဆိုတာနှင့် ကွန်ပျူတာက ygncode.com ရဲ့ server ဘယ်မှာလဲဆိုတာသိဖို့လိုတယ်။ အဲ့လိုသိဖို့လုပ်တဲ့နည်းကို Domain Name System (DNS) လို့ခေါ်တယ်။ DNS ဘယ်လိုအလုပ်လုပ်လဲ အသေးစိတ် သိချင်တယ်ဆိုရင် အောက်ဖော်ပြပါ YouTube Video မှာလေ့လာနိုင်ပါတယ်။ ကာတွန်းလေးတွေနှင့်ရှင်းပြထားတဲ့ How DNS Work ဆိုတဲ့ website လည်းရှိတယ်… အတော်လေးကိုပြည့်စုံတယ်။ ကျွန်တော်တို့ domain name တစ်ခု register လုပ်လိုက်ပီဆိုရင် DNS Records တွေကိုအများကြီးထည့်လို့ရတယ်။ ကျွန်တော်တော့ Cloudflare နှင့် Digital Ocean […]

Learn Data Structure In Burmese

မှတ်ချက် – ဒီ Post သည် Draft Publish ဖြစ်သည်။ တစ်ချို့အပိုင်းများ ဘာသာပြန်ဖို့လိုအပ်နေသေးသည်။ ဖြစ်နိုင်ရင် Feedback ပေးစေချင်ပါတယ်။ ကျွန်တော်ဒီနေ့ပြောမယ့်အကြောင်းအရာတွေတော်တော်များများက itsy-bisty-data-structures ကနေကိုးကားဘာသာပြန်ပြီးတော့ရေးသားထားတာဖြစ်ပါတယ်။ English လို Study လုပ်ရတာအဆင်ပြေတဲ့သူအတွေအတွက် နဂိုမူရင်း repo ကိုသွားပြီး study လုပ်ဖို့တိုက်တွန်းလိုပါတယ်။ ကိုယ်တိုင် CS ကျောင်းဆင်းမဟုတ်တာကြောင့် Data Structure/Algorithm ဘက်မှာအားနည်းတယ်လို့ခံစားရတယ်။ နောက်တကယ်အလုပ်လုပ်တဲ့အခါမှာလည်း ဒါတွေသိတာမသိတာဘယ်လောက်အရေးပါလဲဆိုတာ သိလာတွေကြောင့်ရယ် သေချာလိုက်လုပ်ဖြစ်ရင်း ဒီ repo က အတိုဆုံးနှင့် နားလည်အလွယ်ဆုံးဖြစ်တာကြောင့် မြန်မာလိုလေးပါရှိရင်ကောင်းမယ်ဆိုပြီး စဥ်းစားမိလို့ဘာသာပြန်တာလိုလို ကိုးကားတာလိုလိုလုပ်ပြီးရေးဖို့စဉ်းစားဖြစ်ပြီး ရေးဖြစ်သွားတာပါ။ ကျွန်တော်တို့ Data Structure တွေကောင်းကောင်းမသိဘူးဆိုရင်… algorithm problem တွေ solve လုပ်တဲ့နေရာမှာအတော်သိသာတယ်။ ဥပမာ ကိုယ်သိတဲ့ […]

Valid Palindrome

မှတ်ချက် – ဒီ Post သည် Algorithm Interview Preparation အပိုင်းဆက်ဖြစ်သည်။ ဒီ Problem က Leetcode ရဲ့ Valid Palindrome ကို solve လုပ်ထားတာဘဲဖြစ်ပါတယ်။ ပေးထားတဲ့ String S က palindrome ဖြစ်တယ်ဆိုရင် true return ပြန်ရမှာဖြစ်ပြီးတော့ မဟုတ်ဘူးဆိုရင် false return ပြန်ရမှာဖြစ်ပါတယ်။ ဒီနေရာမှာ Palindrome ဆိုတာကိုနားမလည်ရင် Problem solve လုပ်ဖို့ရာမလွယ်ပါဘူး။ Palindrome ဆိုတာပေးထားတဲ့ string ကိုနောက်ကနေ reverse ပြန်ရင်လည်းအတူတူဖြစ်တာမျိုးကိုပြောတာပါ… အောက်ကနမူနာကိုကြည့်ရင်ပိုရှင်းမယ်ထင်တယ်။ ကျွန်တော်တို့ဒီနေရာမှာ palindrome က backward, punctuation, case နှင့် spacing တွေကို ignore […]

Two Number Sum

မှတ်ချက် – ဒီ Post သည် Algorithm Interview Preparation အပိုင်းဆက်ဖြစ်သည်။ ကျွန်တော်ဒီနေ့ Solve လုပ်မှာကတော့ Two Number Sum Problem ဘဲဖြစ်ပါတယ်။ ဘယ်လို Solve လုပ်မလဲဆိုတာမပြောခင် ဘာကပြဿနာလဲဆိုတာကို တစ်ချက်ကြည့်လိုက်ရအောင်… Argument အနေနှင့် Number Array List တစ်ခုပါမယ် Second Argument Target Value တစ်ခုပါမယ်။ ကျွန်တော်တို့ရေးရမယ့် Function က Array ထဲက Number နှစ်ခုပေါင်းထည့်ပြီးရတဲ့ Target Value Pair ပါတယ်ဆိုရင် true return ပြန်ရမယ်။ တကယ်လို့မပါဘူးဆိုရင် false return ပြန်ရမယ် ဥပမာ – [3, 5, 2, -4, […]

Algorithm Interview Preparation

ဒီရက်ပိုင်း Algorithm Interview Question လေးတွေလိုက်လုပ်ဖြစ်တယ်။ ကိုယ့်ကိုယ်ကိုလည်းလုပ်ဖို့ဖိအားဖြစ်အောင်သုံးရက်တစ်ပုဒ်လောက်တင်ဖို့ကြိုးစားပြီးတင်ပေးပါ့မယ်။ Algorithm Question တွေမဖြေခင် Big O Notation ဆိုတာဘာလဲ ဆိုပြီးကျွန်တော်ရေးထားတာကိုအရင်ဖတ်ပေးပါ။ Algorithm Interview တွေကိုဖြေတဲ့အခါမှာ Data Structure တွေသိထားဖို့ကလည်းအရေးကြီးပါတယ်။ ဒါမှ Problem ပေါ်မှာမူတည်ပြီးတော့ဘယ် Data Structure ကိုသုံးရင်ပိုမြန်တယ်၊ ပိုပြီးအကျိုးသတ်ရောက်မှုရှိတယ်ဆိုတာကို ဆုံးဖြတ်ရွေးချယ်လို့ရမှာဖြစ်တော့ Data Structure တွေကိုအရင် ဒီမှာ Study လုပ်ပါ။ Array/String Valid Anagram Two Number Sum Valid Palindrome Implement strstr() Reverse Words in a String Reverse Words in a String II […]