ကွန်ပျူတာ Power Button ကိုနှိပ်လိုက်တဲ့အချိန်ကနေ OS တက်လာတဲ့အထိ ဘယ်လိုအလုပ်လုပ်သွားလဲ

ဟိုတလောကဘယ်ကနေဘယ်လိုတွေးမိတယ်မသိပါဘူး ကွန်ပျူတာဆိုတာ 0/1 တွေနဲ့သွားနေတာဒါပေမယ့်အဲ့ 0/1 မတိုင်ခင်ကကောဘာလဲဆိုပီးစဥ်းစားရာကနေ ကွန်ပျူတာကိုစဖွင့်တဲ့အချိန်ကနေ OS တက်လာတဲ့အထိဘယ်လိုအလုပ်လုပ်လဲဆိုပီးလိုက်ရှာဖတ်ကြည့်မိတယ်။ ကျနော်လေ့လာမိသလောက်ပြန်လည်ဝေမျှလိုက်ပါတယ်။

ကွန်ပျူတာကို Power စပေးလိုက်ပီဆိုတာနဲ့ Power Supply Unit(PSU) စီကိုလျှပ်စစ်စီးသွားတယ်။ အဲ့ကနေမှ AC ကနေ DC ပြောင်းပေးတယ်။ ဘာလို့ဒီလိုပြောင်းဖို့လိုတာလဲလိုက်ကြည့်တော့ DC ရဲ့ voltage ကပိုငြိမ်တယ် အထဲက circuits တွေနဲ့ပိုအဆင်ပြေတယ်ဆိုပီးတွေ့တယ်။

PSU စီကနေမှ Motherboard စီကိုရောက်တယ်။ PSU စီကနေ Power Good Signal ကို Motherboard ရောက်လာမယ် အဲ့ကနေမှ motherboard ကို attach လုပ်ထားတဲ့ကျန်တဲ့ကောင်တွေစီကို Power ရောက်မယ်။

Motherboard ပေါ်မူတည်ပီးတော့ BIOS (Basic Input/Output System)/UEFI (Unified Extensible Firmware Interface) firmware က hardware components တွေဖြစ်တဲ့ processor, memory, video card တွေကိုစတယ်။ POST (Power-On Self-Test) လို့ခေါ်တယ်။ တကယ်လို့ အဲ့ process တွေမှာပြဿနာတက်တယ်ဆိုရင် error message ပြမယ်။

POST ကအဆင်ပြေပီဆိုရင် BIOS/UEFI က hardware components တွေ နောက် hard drives, optical drives, keyboard, mice တွေကို identifies လုပ်ပီးတော့လိုအပ်တဲ့ interface တွေ buses (e.g., PCI, USB) တွေကို sets up လုပ်တယ်။

လိုအပ်တာတွေစစ်ပီးပီ တပ်ထားတဲ့ hardware components တွေကိုလဲသိသွားတဲ့အချိန်မှာ BIOS.UEFI ကနေပီးတော့ ဘယ် device ကိုသုံးပီးတော့ boot လုပ်ရမှာလဲဆိုပီးတော့စစ်ပါတယ်။ ဥပမာ hard drive လား SDD လား USB ကလားဆိုတာမျိုးပေါ့။ (ဒီနေရမှာကိုယ်ပိုင် window တင်ခဲ့ဘူးတယ်ဆိုရင် ကျနော်တို့ဒါတွေရွေးခဲ့ရတာမှတ်မိမယ်ထင်ပါတယ်)

ဘယ် device ရွေးကမှာလဲတွေ့တဲ့အချိန်မှာ အဲ့ device ရဲ့ boot sector ကို read လုပ်သွားတယ်။ boot sector ဆိုတာ OS code တွေ store လုပ်ထားတဲ့အပိုင်းပေါ့။

boot sector ကနေမှ bootloader ကို load လုပ်လိုက်တယ်။ bootloader အလုပ်ကဘာလုပ်ရတာလဲဆိုရင် Operating system ရဲ့ Kernel ကို load လုပ်ပေးရတာ။ တကယ်လို့ OS ၂ ခုသွင်းထားတယ်ဆိုရင်ဘယ်ကောင်ရွေးမှာလဲမေးတာတွေဘာတွေကသူကလုပ်ပေးတာ။

bootloader က OS kernel ကို memory ပေါ် load လုပ်လိုက်မယ်။ (Kernel ဆိုတာက OS ရဲ့ core component ဖြစ်ပီးတော့ ကျနော်တို့ကွန်ပျူတာရဲ့ resources တွေ hardware တွေကို manage လုပ်ပေးတဲ့ကောင်ပေါ့)။ Kernel ကနေ system components တွေ hardware တွေကိုစမယ်၊ နောက် filesystem တွေ mount လုပ်မယ် system process တွေစမယ်။

kernel က fully load လုပ်ပီးသွားပီဆိုရင် int process တွေကိုစမယ်။ (ဥပမာ sysvinit တို့ Upstart တို့၊ Window မှာဆို Winlogon တို့ပေါ့)။ ဒီ process က system configuration ပေါ်မူတည်ပီးတော့ user-space applications တွေကိုစ run တာပါ။ အဲ့တော့ဒီအပိုင်မှာ devices တွေကလဲ loaded ဖြစ်နေပီ network connections ရှိတယ်ဆိုအဲ့ကောင်တွေလဲ established ဖြစ်နေပီ။

System services တွေက up and running ဖြစ်နေပီဆိုရင် user ရဲ့ login interface ကိုမြင်ရမယ်။ user က username/password ရိုက်ထည့်ပီး success ဖြစ်သွားတဲ့အျိန်မှာ user ရဲ့ desktop environment တို့နောက် shell တို load လုပ်သွားတယ်။ နောက်ဆုံးကွန်ပျူတာကိုစပီးအသုံးပြုလို့ရပါပီ။


ByteByteGo ကအောက်ဖော်ပြပါ video ကိုကျနော်သိချင်တာလိုက်ရှာမွှေနှောက်တဲ့အချိန်မှာတွေ့တာပါ။ သူက animation နဲ့ရှင်းပြတာဆိုတော့ ပိုပီးရှင်းပါလိမ့်မယ်။

How Does Linux Boot Process Work?

Leave a Reply