Learn Data Structure In Burmese

မှတ်ချက် – ဒီ Post သည် Draft Publish ဖြစ်သည်။ တစ်ချို့အပိုင်းများ ဘာသာပြန်ဖို့လိုအပ်နေသေးသည်။ ဖြစ်နိုင်ရင် Feedback ပေးစေချင်ပါတယ်။ ကျွန်တော်ဒီနေ့ပြောမယ့်အကြောင်းအရာတွေတော်တော်များများက itsy-bisty-data-structures ကနေကိုးကားဘာသာပြန်ပြီးတော့ရေးသားထားတာဖြစ်ပါတယ်။ English လို Study လုပ်ရတာအဆင်ပြေတဲ့သူအတွေအတွက် နဂိုမူရင်း repo ကိုသွားပြီး study လုပ်ဖို့တိုက်တွန်းလိုပါတယ်။ ကိုယ်တိုင် CS ကျောင်းဆင်းမဟုတ်တာကြောင့် Data Structure/Algorithm ဘက်မှာအားနည်းတယ်လို့ခံစားရတယ်။ နောက်တကယ်အလုပ်လုပ်တဲ့အခါမှာလည်း ဒါတွေသိတာမသိတာဘယ်လောက်အရေးပါလဲဆိုတာ သိလာတွေကြောင့်ရယ် သေချာလိုက်လုပ်ဖြစ်ရင်း ဒီ repo က အတိုဆုံးနှင့် နားလည်အလွယ်ဆုံးဖြစ်တာကြောင့် မြန်မာလိုလေးပါရှိရင်ကောင်းမယ်ဆိုပြီး စဥ်းစားမိလို့ဘာသာပြန်တာလိုလို ကိုးကားတာလိုလိုလုပ်ပြီးရေးဖို့စဉ်းစားဖြစ်ပြီး ရေးဖြစ်သွားတာပါ။ ကျွန်တော်တို့ Data Structure တွေကောင်းကောင်းမသိဘူးဆိုရင်… algorithm problem တွေ solve လုပ်တဲ့နေရာမှာအတော်သိသာတယ်။ ဥပမာ ကိုယ်သိတဲ့ […]

How does computer work?

ကွန်ပျူတာတက္ကသိုလ်မတက်ခဲ့ရတော့ ကွန်ပျူတာတွေဘယ်လိုအလုပ်လုပ်လဲဆိုတာသေချာ Detail မသိဘူး (Computer တက္ကသိုလ်တက်မှ Abstraction တွေကိုကျော်နိုင်တာမဟုတ်ပါဘူး)။ အားလုံးက Abstraction တွေဘဲဖြစ်နေတယ်။ ဘာလို့လည်းတော့မသိဘူး ဒီ Abstraction တွေကို ဘယ်လို (How) အလုပ်လုပ်လဲဆိုတာကို Programmer စလုပ်ကာစက မစဥ်းစားဖြစ်ဘူး။ High-Level Overview တွေကိုဘဲလေ့လာဖြစ်တယ်။ အခုနောက်ပိုင်း Computer Science နှင့် Math ကို ကိုယ့်ဘာသာ Online က Self Study လုပ်တဲ့အခါမှ Abstraction တို့ How thing work တို့ဆိုတာတွေတွေ့လာရပြီး ဘယ်လိုအရေးကြီးတယ်ဆိုတာ ပိုပိုပြီးသိလာတယ်။ အခုကျွန်တော်တို့သုံးနေတဲ့ Computer ဆိုတာကအများကြီးလုပ်နိုင်တယ်… Program ရေးတာကမစ YouTube တို့ရုပ်ရှင်တို့ကြည့်တာတွေအဆုံးပါဘဲ။ ကျွန်တော်တို့ Laptop ကိုနမူနာကြည့်လိုက်ရအောင်… သူ့ကိုအားသွင်းတယ်… […]