Data Structure အမျိုးအစားများအကြောင်း

ဒီနေ့ပြောမယ့်အကြောင်းအရာကတော့ Data structure အမျိုးအစားတွေအကြောင်း overall ပြောမှာပါ။ Data Structure ကိုလေ့လာမယ်ဆိုရင် primitive ဆိုတာနှင့် non-primitive ဆိုပီး ၂ မျိုးရှိပါ့မယ်။ primitive ဆိုတာ အခြေခံအကျဆုံး data structure တွေပါ၊ ဥပမာ integers, floats, characters နှင့် boolean တို့လိုမျိုးတွေပါ့။

နောက်တခုကတော့ Non-Primitives Data Structure တွေပေါ့။ ဒီကောင်တွေက အပေါ်မှာပြောခဲ့တဲ့ primitives စီကဆင်းသက်လာတာ။ အဲ့ Non-Primitives Data structure ထဲမှာမှ Linear Data Structure နှင့် Non-Linear Data Structure ဆိုပီး ၂ မျိုးကွဲသွားတယ်။

ဒါဆိုကျနော်တို့ Linear Data Structure ဆိုတာဘာလဲကနေစရအောင်။ သူကက linear (အလျှားလိုက်အစဉ်အတိုင်း ဖြစ်တဲ့ကောင်တွေပေါ့။ ဥပမာ Array တို့ Linked List တို့ Stack တို့ Qeueu တို့။ အောက်မှာပုံနှင့်တကွပြထားတယ်။

ဒါဆိုနောက်တခုဖြစ်တဲ့ Non-Linear Data Structure တွေကိုတချက်ကြည့်လိုက်ရအောင်။ အရင်ဆုံး non-lindear data structure ဘာလဲကစမယ်။ သူက linear မဟုတ်ဘူး linear လို sequential အတိုင်းမသွားဘူး။ အထက်အောက် hierarchical နဲ့ arrange လုပ်တယ်။ Non-Linear ထဲမှာဆို tree တို့ graphs တို့ data structure တွေပါမယ်။ အောက်မှာပုံနှင့်တကွပြထားတယ်။

ဒီလောက်ဆိုအကြမ်းဖျင်းသိသွားလောက်ပီထင်ပါတယ်။ နောက်အပိုင်းတွေမှာတခုချင်းစီသေချာပုံလေးတွေနှင့်ရှင်းပြပါဦးမယ်။

Leave a Reply

Up Next:

1704. Determine if String Halves Are Alike

1704. Determine if String Halves Are Alike