739. Daily Temperatures
မှတ်ချက် – ဒီ Post သည် Algorithm Interview Preparation အပိုင်းဆက်ဖြစ်သည်။ ကျနော်တို့ဒီနေ့ရှင်းမယ့် ပြဿနာက 739. Daily Temperatures ဆိုတဲ့ leetcode question ဘဲဖြစ်ပါတယ်။ မေးခွန်းက temperatures ဆိုတဲ့ daily temperature ဖြစ်တဲ့ array တခုပေးထားမယ်။ သူလိုချင်တာက လက်ရှိထက်ပိုပူတဲ့အပူချိန်ရောက်ဖို့ ဘယ်လောက်စောင့်ရမလဲဆိုတာ၊ တကယ်လို့ နောက်ရက်တွေမရှိတော့ဘူးဆို 0 ထားလိုက်တဲ့။ ဥပမာတခုကိုအရင်ကြည့်လိုက်ရအောင် သူပေးထားတဲ့ temperatures တွေထဲမှာ 73 ဖြစ်တဲ့ရက်နောက်နေ့မှာ 74 ဆိုတော့ပိုပူတယ်။ အဲ့တော့ 1 ရက်အတွင်းဖြစ်တဲ့အတွက် 1။ အပူချိန် 75 ဖြစ်တဲ့ရက်ကိုကြည့်လိုက်တဲ့အချိန်မှာ 76 ရောက်တဲ့နေ့ထိဆို 4 ရက်ကြာတယ်။ 71 ဖြစ်တဲ့ရက်ဆိုပိုပူတဲ့ရက်ရဖို့ 2 ရက်ကြာတယ်။ နောက်ဆုံး […]