Range, Mean, Median, နှင့် Mode
ဒီနေ့ကျနော်ရေးမယ့်အကြောင်းအရာကတော့ range, mean, median နှင့် mode ဆိုတာဘာလဲ သူတို့ကိုဘယ်လိုတွက်ရလဲဆိုတာတွေကို ရေးသားဖော်ပြမှာဖြစ်ပါတယ်။ ဒီစကားလုံးတွေကို statistic course တွေတက်တဲ့အချိန်တွေမှာအတော်လေးအတွေ့များပီး စကားလုံးတွေက ခပ်ဆင်ဆင်ဖြစ်ပီးတော့ confuse ဖြစ်ဖြစ်သွားတက်လို့သေချာမှတ်ထားပီး YGNCode ကစာဖတ်သူတွေအနေနှင့်လဲ စိတ်ဝင်စားတယ်ဆိုရင် မြန်မာလိုလွယ်လွယ်ကူကူဖတ်နိုင်အောင်ရေးသားလိုက်ပါတယ်။ Range, Mean, Median နှင့် Mode ဆိုတာတွေကတနည်းအားဖြင့် Average မျိုးကွဲတွေလို့ပြောလို့ရမယ်။ ဒါဆို Average ဆိုတာဘာလဲ… မြန်မာလိုဆို ပျမ်းမျှ ဆိုပီးသုံးကြတယ်။ ပုံမှန် average အကြောင်းပြောတာတွေစဥ်းစားကြည့်မယ်ဆိုရင် average tempature (ပျမ်းမျှ အပူချိန်), average rainfall (ပျမ်းမျှမိုးရွာသွန်းမှု) ဆိုပီးသုံးကြတယ်… နောက်ထက် average ကို data အများကြီးကိုကိုယ်စားပြုတဲ့အချိန်တွေမှာလဲသုံးကြတယ်။ ဥပမာကိုတချက် ကြည့်ကြည့်ရအောင်။ ထားပါတော့ ကိုယ်အားပေးတဲ့ဘောလုံးအသင်း […]