အမေရိကန်ဒေါ်လာ လေးသောင်းကျော် ဟက်ခံလိုက်ရတဲ့အတွေ့အကြုံ
ကျနော် FB မှာတင်ထားတာကိုဒီမှာပြန်တင်ထားတာပါ။ မြောက်ကိုရီးယားဟက်ကာတွေကဟက်သွားတာ။ မြန်မာက developer တွေလဲသတိထားနိုင်အောင် မြန်မာလိုရေးပီးပြန်လည်ဝေမျှလိုက်ပါတယ်။ ဖြစ်ပုံကဒီလို… ကျနော့်အသိက blockchain developer သူ့ရုံးကအခြေအနေမကောင်းတော့ဒီကောင်က freelance လေးဘာလေးရရင်လုပ်မယ်ဆိုပီးလုပ်ထားတာ။ အဲ့အချိန်မှာသူ့ကို email ကနေပီးတော့အလုပ်အပ်ချင်လို့ဆိုပီးဆက်သွယ်လာတာ သူ့ရုံးက release လုပ်ထားတဲ့ feature တခုလိုမျိုးဘဲသူတို့ထဲထည့်ပေးရမှာ budget က 80 K to 180 K USD ရှိတယ်ပြောတယ်။ ကျနော့်အသိကလဲစိတ်ဝင်စားတယ်ဆိုပီးပြောတယ်။ အဲ့ဒါနဲ့ WhatsApp နံပါတ်တောင်းပီးဆက်သွယ်တယ် သူ့ကို GitHub repo invite လုပ်လိုက်တယ်။ တချက်ကြည့်ကြည့်ပေါ့။ သူလဲကြည့်ကြည့်တယ် ကုဒ်တွေလဲကြည့်ကြည့်တယ်အမှန်အကန်ဘဲ လို့ထင်ရတယ်။ အဲ့ဒါနဲ့သူက Repo ကို run ကြည့်လိုက်တယ် error တက်နေတယ်။ hacker ကအဲ့ဒါဆို call […]