Binary number system ဆိုတာဘာလဲ

ကျွန်တော်တို့နေ့စဥ်အသုံးပြုနေတဲ့ Decimal Number System ဖြစ်တဲ့သုညကနေကိုးကတော့အားလုံးသိပြီးသားဖြစ်မယ်ထင်ပါတယ်… အဲ့ဒါက သုညကနေကိုးထိဖြစ်တဲ့ Number 10 လုံးကိုအခြေခံထားတဲ့အတွက် Base-10 လို့ခေါ်ပါတယ်ကွန်ပျူတာ programming language တွေအသုံးပြုမှုများလာတဲ့နောက်ပိုင်း နောက်ထပ် Number System တစ်ခုခေတ်စားလာပါတယ်… သူ့ကိုတော့ Binary Number System လို့ခေါ်ပါတယ်။ Binary Number System မှာ Digit 2 လုံးဘဲရှိပါတယ်။ အဲ့ဒါကတော့ သုညနှင့် တစ်ဘဲဖြစ်ပါတယ်။ (0 and 1) Binary Number System ကို Base-2 လို့လည်းခေါ်ပါတယ်။ သူ့မှာ (0/1) နှစ်လုံးဘဲရှိတာကိုး။ကွန်ပျူတာတွေက Binary Number System ကိုနားလည်ပါတယ်။ဘာလို့လည်း?ဘာလို့လည်းဆိုတော့ ကွန်ပျူတာက electrical device ဖြစ်တယ်။ electrical device တွေက electrical signal ကိုနားလည်တယ်။ Electrial signal မှာက On/Off ဆိုတဲ့နှစ်မျိုးဘဲရှိတယ်။ အဲ့ဒါကြောင့် On ဆို One, Off ဆို Zero ဆိုပြီး Binary ဖြစ်တဲ့ 0/1 ကနေ Electronic Singal ကိုပြောင်းလဲပြီး Computer ကနေနားလည်တာဖြစ်ပါတယ်။နောက် Binary Number System မှာ Number တွေကိုဘယ်လိုရေးလည်းတစ်ချက်ထပ်လေ့လာလိုက်ကြရအောင်…Binary Number System အကြောင်းမပြောခင်ကျွန်တော်တို့ရင်းနှီးတဲ့ Decimal Number System အကြောင်းအရင်ပြောကြရအောင်…

125 က Decimal Number System မှာ ကျွန်တော်တို့တစ်ရာနှစ်ဆယ့်ငါး… ကျွန်တော်တို့ကျောင်းမှာသင်ခဲ့ဖူးတာလေးတွေပြန်ဖော်လိုက်ဦးမယ် ဒီနေရာမှာ 125 မှာ 5 က 1 နေရာမှာမှာ 2 က 10 နေရာမှာ 1 က (100) ရာနေရာမှာ ပုံမှာပြထားတဲ့အတိုင်း base number ဖြစ်တဲ့ 10 ကိုမူတည်ပြီးတော့ 5 ကခုနေရာဖြစ်တဲ့အတွက် 5 x 10^0 နောက် 2 ကဆယ်နေရာဖြစ်တဲ့အတွက် 2 x 10^1 နှင့်နောက်ဆုံးရာနေရာမှာရှိတဲ့ 1 ကို 1 x 10^2 စုစုပေါင်းရလဒ်ကိုပေါင်းလိုက်ရင် 125 ဆိုပြီးရလာမှာဖြစ်ပါတယ်။ ဒါကကျွန်တော်တို့ Decimal Number System မှာ။Binary Number System မှာဘယ်လိုလည်းဆိုတာတစ်ချက်ကြည့်လိုက်ရအောင်။

125 ကို Binary Number System မှာ 1111101 ဆိုပြီးတော့ခေါ်ပါတယ်။ သူက Number 2 လုံးနှင့် Base လုပ်ထားတာဖြစ်တဲ့အတွက် Base က 2 ဖြစ်နေတဲ့အတွက်ကြောင့် right to left တိုးတဲ့အချိန်မှာ 2 ဆတိုးတိုးသွားတာပါ။ အခုတော့ Binary number system ဆိုတာဘာလဲဆိုတာသိလောက်ပြီထင်ပါတယ်။ ကျွန်တော်အခုစာရေးပြီးရှင်းပြထားတာတွေကရှုပ်တယ်ထင်ရင်အောက်ဆုံးမှာ YouTube Link ထည့်ပေးထားပါတယ်… အဲ့ကနေကြည့်ပြီးဆက်လေ့လာနိုင်ပါတယ်။အောက်ဖော်ပြပါ YouTube Videos များမှလေ့လာမှတ်သား/ဘာသာပြန် ပြန်လည်ဝေမျှခြင်းဖြစ်ပါတယ်။

YouTube Video Link

Leave a Reply