industry ထဲမှာ developer တစ်ယောက်အနေနဲ့ ဘယ်လို ရပ်တည်ကြမလဲ

Industry လို့ပြောရရင် သူက အကျယ်ကြီး။ Enterprise, Financial, Security, Medical, Health Informatics, AI and Robotics, Agriculture, M&E, Government စသည်ဖြင့် ကဏ္ဍတွေက ခွဲထားတာ အများကြီးပါ။ အဲဒီတော့ ဘာတွေသိဖို့/ရှိဖို့ လိုလဲ။ Skillset သူ့ကိုတည်ဆောက်တဲ့နေရာမှာ Skillset နှစ်မျိုး ကွဲထွက်လာပါတယ်။ Horizontal Skillset နဲ့ Vertical Skillset။ အဲဒါကျတော့ နယ်ပယ်မှာမူတည်ပြီးတော့ ဘယ်ဟာကတော့ Vertical ဘယ်ဟာကတော့ Horizontal စသည်ဖြင့် ကွဲသွားပါတယ်။ Vertical Skillset ဒဗလော့ပါ ဖြစ်ချင်တဲ့သူတွေအတွက် ဒီခေါင်းစဉ်နဲ့ ပတ်သက်ပြီး နမူနာပြောရရင် Programming နဲ့ Software Engineering က Vertical ဖြစ်မယ်။ […]