industry ထဲမှာ developer တစ်ယောက်အနေနဲ့ ဘယ်လို ရပ်တည်ကြမလဲ

Industry လို့ပြောရရင် သူက အကျယ်ကြီး။ Enterprise, Financial, Security, Medical, Health Informatics, AI and Robotics, Agriculture, M&E, Government စသည်ဖြင့် ကဏ္ဍတွေက ခွဲထားတာ အများကြီးပါ။ အဲဒီတော့ ဘာတွေသိဖို့/ရှိဖို့ လိုလဲ။

Skillset

သူ့ကိုတည်ဆောက်တဲ့နေရာမှာ Skillset နှစ်မျိုး ကွဲထွက်လာပါတယ်။ Horizontal Skillset နဲ့ Vertical Skillset။ အဲဒါကျတော့ နယ်ပယ်မှာမူတည်ပြီးတော့ ဘယ်ဟာကတော့ Vertical ဘယ်ဟာကတော့ Horizontal စသည်ဖြင့် ကွဲသွားပါတယ်။

Vertical Skillset

ဒဗလော့ပါ ဖြစ်ချင်တဲ့သူတွေအတွက် ဒီခေါင်းစဉ်နဲ့ ပတ်သက်ပြီး နမူနာပြောရရင် Programming နဲ့ Software Engineering က Vertical ဖြစ်မယ်။ ဘာကြောင့်လဲဆိုတော့ industry သာ ပြောင်းမယ် နယ်ပယ်သာ မတူတယ်၊ အဲဒီ Software Engineering Methodology တွေ Practice တွေက မပြောင်းဘူး။ အဲဒီမှာ ပြောစရာက vertical skill တစ်ခုထက်မက ရှိနိုင်တယ်။ တစ်ချို့က tooling ကို နိုင်တယ်၊ တစ်ချို့ကျ database design၊ တစ်ချို့ကျတော့လည်း design pattern စသည်ဖြင့်။ Network Engineer ဖြစ်ချင်တဲ့သူတွေကျ Network Design, IP Management and Auditing, Routing and Switching, Firewall စသည်ဖြင့် အဲဒါတွေက vertical ဖြစ်မယ်ပေါ့။

Horizontal Skillset

ဒါဆိုအပေါ်ကနမူနာကိုပဲ ပြန်ဆက်ကြမယ်။ ဒဗလော့ပါအတွက် Horizontal Skill တွေက ဘာတွေဖြစ်နိုင်မလဲ။ Accounting Software ရေးရင် Accounting သိအောင် လေ့လာရတယ်၊ Ledger ဘယ်လိုမှတ်လဲ P&L ဘယ်လိုတွက်လဲ စသည်ဖြင့်။ Health Care တို့ Medical နဲ့ ဆိုင်တဲ့ Software တို့တွေ ဖန်တီးမယ်ဆိုရင် ဆရာဝန်တွေက လူနာတွေကို ဘယ်လိုကြည့်တယ်၊ ဘယ်လို မှတ်တမ်းမှတ်တယ်၊ follow-up ကတော့ ဘယ်လိုလုပ်တယ်၊ Report ကတော့ ဘယ်လိုယူတယ်၊ Manufacturing တို့ Inventory တို့ Human Resource Management တို့ စသည်ဖြင့် အဲဒီနယ်ပယ်မှာ အဲဒီလုပ်ငန်းက ဘယ်လိုလည်ပတ်လဲ ဘယ်လိုအလုပ်လုပ်လဲ ဘာတွေသိဖို့လိုလဲ ဘယ်သူတွေနဲ့ ပူးပေါင်း ဆောင်ရွက်ရမလဲ၊ အဲဒါတွေက horizontal တွေဖြစ်မယ်။ Network Operation Support မှာ လုပ်တဲ့သူတွေဆို Networking နဲ့ဆိုင်တဲ့ ဗဟုသုတ လိုမယ်ပေါ့ 7-layer တို့ sub-netting တို့ လိုအပ်ရင် script တွေရေးဖို့လိုတဲ့သူတွေကျ Programming စသည်ဖြင့်ပေါ့။

အဲဒီတော့ vertical skillset ဆိုတာ ကိုယ် ကျွမ်းကျင်ပိုင်နိုင်တဲ့အရာမျိုး၊ horizontal skillset ဆိုတာ ကိုယ့်ရဲ့ အလုပ်နဲ့ပတ်သက်ပြီး ဆက်စပ်သိရှိနားလည်ဖို့ လိုတဲ့အရာမျိုးလို့ ယေဘုယျ ပြောနိုင်ပါတယ်။

Hard/Soft Skills

ဒါကတော့ Skill နှစ်မျိုးပါ။ Hard skill ကို Technical Skill လို့လည်း ခေါ်ကြတယ်။ ကားမောင်းတတ်တာတို့၊ တိုင်းခြားစကား ပြောတတ်တာတို့၊ ဟင်းချက်တတ်တာတို့ စသည့် သင်ယူပြီးရရှိလာသော ကျွမ်းကျင်မှုလို့ ဆိုကြတယ်။ Soft Skill ကတော့ စာရိတ္တပိုင်းတို့၊ စီမံခန့်ခွဲမှုတို့၊ ပူးပေါင်းဆောင်ရွက်ခြင်း စတဲ့ လူတွေရဲ့ ပင်ကိုယ်လက္ခဏာ (Personality) နဲ့ ပတ်သက်တဲ့ skill လို့ ခေါ်ကြတယ်။

Domain Knowledge

ဒီဟာကိုတော့ လုပ်ရင်း ကိုင်ရင်းနဲ့ပဲ သင်ယူရတာပါပဲ။ ဒီ system ကြီး ဘယ်လို လည်ပတ်လဲ၊ ဘယ်လိုတည်ဆောက်ထားလဲ၊ workflow က ဘယ်လိုလဲ၊ သူ့ရဲ့ business policy တွေက ဘယ်လိုမျိုးလဲ၊ ဒီ စနစ်ကြီးလည်ပတ်ဖို့ ဘယ် team တွေ ပူးပေါင်းဆောင်ရွက်နေလဲ။ သူ့မှာ ဘယ်လို အကန့်အသတ်တွေ၊ ဆောင်ရွက်လို့မရတာတွေ ရှိလဲ။ ဒီ Domain Knowledge ကျတော့ industry တစ်ခုမှာ အချိန်ကာလ တစ်ခုပေးပြီး ရလာတဲ့ အတွေ့အကြုံ၊ ဗဟုသုတပေါ့ဗျာ။

အနှစ်ချုပ်ရရင်တော့ Software Engineering (+ data structure) + domain knowledge အဲဒါတွေလိုပါတယ်။ Skill ဘယ်လိုတည်ဆောက်ရမလဲဆိုရင်တော့ vertical skillset နဲ့ horizontal skillset ရှိပါတယ်။ ကိုယ် ကျွမ်းကျင်တာက ဒါမှမဟုတ် ကျွမ်းကျင်ပိုင်နိုင်ချင်တာက ဘာတွေလဲ။ ဘယ်ဟာတွေကတော့ အလုပ်နဲ့ ပတ်သက်ပြီး ဆက်စပ်သိဖို့လိုလဲ။ ကိုယ်ကရော ဘယ်လို industry မှာလုပ်ချင်တာလဲ။ အဲဒီ industry မှာရော ဘယ်လို vertical နဲ့ ဘယ်လို horizontal skill တွေ လိုအပ်လဲ။ ပြီးတော့ Hard-skill အပြင် Soft-skill ကိုရော ပြင်ဆင်ထားပြီးပြီလား။ အဲဒီလိုနဲ့ တည်ဆောက်လို့ ရတယ်ဆိုတဲ့အကြောင်း ပြောကြားရင်းနဲ့ပဲ ယခုဆောင်းပါးကို အဆုံးသတ်ပါရစေ။

လိုအပ်တာများ၊ မှားယွင်းတာများ ပါရှိနေရင်လဲ ဝေဖန်၊ အကြံပြု၊ ထောက်ပြ ပြောဆိုနိုင်ပါတယ်။

ကျမ်းမှီး။
https://en.wikipedia.org/wiki/Domain_knowledge
https://en.wikipedia.org/wiki/Soft_skills
https://en.wikipedia.org/wiki/Skill#Hard_skills
https://blog.crossknowledge.com/horizontal-vertical-development/

Leave a Reply

Up Next:

Learn Data Structure In Burmese

Learn Data Structure In Burmese