Developer တွေအတွက် English စာလေ့လာဖို့ resources များ

ဒီနေ့ခေတ်မှာ developer တစ်ယောက်အတွက် အင်္ဂလိပ်စာ ကျွမ်းကျင်မှုဟာ အလွန်အရေးကြီးပါတယ်။ documencation တွေ tutorials တွေ နဲ့ online communities တွေမှာ အင်္ဂလိပ်စာနှင့် အဓိကထားပီးပြောဆိုဆွေးနွေးကြတဲ့အပြင် oversea မှာအလုပ်သွားလုပ်ချင်တယ်ဆိုလျှင်လဲ English စာက အခြေခံလိုအပ်ချက်တခုပါ။ ဒါကြောင့်မလို့ကိုယ့် English skill ကို improve လုပ်ဖို့ရာအတွက် resoruces တွေကိုပြန်လည် sharing လုပ်လိုက်ပါတယ်။

English skill မှာ A1 ကနေ C2 ထိရှိတယ်။ ကျနော်တို့စီကလူတွေ ဆယ်တန်းအအောင်လောက်ဆို B1/B2 လောက်တော့ရှိကြပါတယ်။ ဒါပေမယ့်ကိုယ်ကပြောနေကြ သုံးနေကြမဟုတ်ရင်တော့နဲနဲစာပြန်လုပ်ပေးမှရပါတယ်။ ကိုယ်က ၁၀ တန်းအောင် သင်တန်းတွေတက်နေပီ ကိုယ့် English skill ကို improve လုပ်ချင်တယ်ဆို A2, B1 လောက် course တွေကိုစမ်းတက်ကြည့်နိုင်ပါတယ်။ A2, B1 course တွေကို Freecodecamp မှာအခကြေးငွေပေးစရာမလိုဘဲတက်နိုင်ပါတယ်။

A2/B1 လုပ်ရင်းနဲ့လဲ English Grammar တွေကိုဆက်လေ့လာနိုင်ပါတယ်။ English Grammar အတွက် recommended ပေးချင်တာကတော့ KhanAcademy က Grammar course ပါ။

ဒီအဆင့်တွေပီးသွားပီဆိုရင် ကိုယ့် English level ဘယ်လောက်လောက်ရှိလဲဆိုတဲ့ online free test တွေစစ်ကြည့်ပီးလိုအပ်တာတွေထက်ဖြည့်ပါ။ အောက်မှာ English skill level test စမ်းဖြေလို့ရတဲ့ website တွေကြည့်ပီးစမ်းဖြေကြည့်နိုင်ပါတယ်။ တချက်သတိထားရမှာက test တွေမှာတော့ C1/C2 level ဖြစ်နေတက်ပီး ကတယ့်တကယ်ကိုယ့် level ကအဲ့လောက်မရှိတာမျိုးပါ။ ကိုယ့်ဟာနှင့်ကိုယ်သံသယဖြစ်ရင် တခြား test website တွေရှာပီးထက်ဖြေကြည့်ကြည့်ပါ။

ဘာသာစကားလေ့လာတို့ programming လေ့လာတာတွေက ရက်ပိုင်းအတွင်းသိသာသွားတာမဟုတ်တဲ့အတွက် စဥ်ဆက်မပြတ်လေ့လာနေဖို့လိုပါမယ်။ တကူးတကကြီး English စာကိုလေ့လာနေတယ်လို့မခံစားရဘဲ လေ့လာတဲ့နည်းတခုကတော့ Article တွေ/tutorials တွေဖတ်တာပါဘဲ။ တကယ်လို့ကိုယ်နားမလည်တဲ့စကားလုံးပါရင် English dictionary ကြည့်ပီးဖတ်တာပေါ့။ ကျနော်စပီး article တွေလိုက်ဖတ်တဲ့အချိန်မှာသုံးဖြစ်တဲ့ Chrome extension ကတော့ Google Translate extension ဘဲဖြစ်ပါတယ်။ ကိုယ်မသိတဲ့စကားလုံးတွေကို double click နှိပ်လိုက်ရင်မြန်မာလိုဘာသာပြန်ရယ်၊ အသံထွက်ရယ်ပါပြပေးတယ်။

အဲ့လိုပါ်ဖို့အတွက် Chrome extension setting မှာအောက်ကအတိုင်း setup လုပ်ပေးရတယ်။

ဒီ့ထက်ကောင်းတဲ့ extension တွေလဲအများကြီးရှိပါတယ်။ ကိုယ်ပိုင် explore လုပ်ပီးကြည့်ကြည့်ဖို့အကြံပေးပါတယ်။

English လို article ဖတ်တာ discussion လုပ်ဖို့ကောင်းတဲ့ website တွေဘာတွေရှိလဲဆိုရင်

  • https://x.com/home ကတော့ social media တွေထဲမှာ tech နှင့်ပတ်သတ်တဲ့သတင်းတွေ article တွေနှင့် topic တော်တော်စုံစုံကို English လို sharing လုပ်တဲ့သူများတဲ့အတွက် သတင်း/update တွေလဲ catchup လုပ်ရင်း
  • https://news.ycombinator.com ဒီမှာ sharing လုပ်တဲ့ link တွေ discussion တွေလိုက်ဖတ်ပီးတော့ knowledge ရယူရင်း English စာတိုးတက်အောင်လုပ်နိုင်ပါတယ်။
  • http://medium.com မှာတော့ topic တွေကအစုံပါဘဲ developer နှင့်ပတ်သတ်တဲ့ topics တွေကို follow လုပ်တာ ကိုယ်ပိုင် English လိုရေးပီးတော့ publish လုပ်တာတွေလုပ်နိုင်ပါတယ်။
  • နောက်ဆုံး sharing လုပ်ချင်တာကတော့ https://www.reddit.com ပါ။ ဒီမှာကတော့ကိုယ်စိတ်ဝင်စားတဲ့ sub reddit တွေကို join ပီးတော့ကိုယ်ပိုင် ပါဝင် discussion လုပ်တာ သူများတွေ discuss လုပ်နေတာတွေကိုဖတ်ပီးတော့ ကိုယ့် English skill ကို improve လုပ်နိုင်ပါတယ်။

နောက်ဆုံးအနေနှင့် Developer resource မဟုတ်ဘဲ General ဖြစ်တဲ့ resources တွေကိုပြန်လည်ဝေမျှပေးမှာဖြစ်ပါတယ်။

  • https://dailydictation.com ဒီ app ကတော့ သူက English အသံထွက်ပေးပီးကိုယ်က English လို input box ထဲမှာရေးပီးတော့မှားလားမှန်လားပြန်စစ်တဲ့ကောင်ပေါ့။
  • https://www.hilokal.com/en ဒီ app ကတော့ English စာလေ့လာနေတဲ့သူတွေအချင်းချင်း topic လေးတွေ create လုပ်ပီး practice လုပ်ကြတာ၊ အဓိက speaking ကျင့်ချင်တဲ့သူတွေအတွက်အဆင်ပြေမယ်ထင်တယ်။

ဒီလောက်ဆိုရင် English စာလေ့လာဖို့ resources တွေနှင့်လမ်းကြောင်းမြင်မယ်ထင်ပါတယ်။ အထက်မှာဖော်ပြထားတဲ့ resources တွေကိုအသုံးပြုပီးတော့ ပုံမှန်လေ့ကျင့်သွားမယ်ဆို English စာတဖြေးဖြေးတိုးတက်လာပါလိမ့်မယ်။

Leave a Reply

Up Next:

Concurrency နှင့် Parallelism ဘာကွာလဲ

Concurrency နှင့် Parallelism ဘာကွာလဲ