Algorithm Interview Preparation

ဒီရက်ပိုင်း Algorithm Interview Question လေးတွေလိုက်လုပ်ဖြစ်တယ်။ ကိုယ့်ကိုယ်ကိုလည်းလုပ်ဖို့ဖိအားဖြစ်အောင်သုံးရက်တစ်ပုဒ်လောက်တင်ဖို့ကြိုးစားပြီးတင်ပေးပါ့မယ်။ Algorithm Question တွေမဖြေခင် Big O Notation ဆိုတာဘာလဲ ဆိုပြီးကျွန်တော်ရေးထားတာကိုအရင်ဖတ်ပေးပါ။ Algorithm Interview တွေကိုဖြေတဲ့အခါမှာ Data Structure တွေသိထားဖို့ကလည်းအရေးကြီးပါတယ်။ ဒါမှ Problem ပေါ်မှာမူတည်ပြီးတော့ဘယ် Data Structure ကိုသုံးရင်ပိုမြန်တယ်၊ ပိုပြီးအကျိုးသတ်ရောက်မှုရှိတယ်ဆိုတာကို ဆုံးဖြတ်ရွေးချယ်လို့ရမှာဖြစ်တော့ Data Structure တွေကိုအရင် ဒီမှာ Study လုပ်ပါ။ ကြော်ငြာ – Developer/Designer အလုပ်တွေရှာနေတယ်ဆို MyanmarDevJobs.com မှာရှာနိုင်ပါတယ်။ Arrays & Hashing Two Pointers Random Business Soft Skills ကျွန်တော်တို့ Developer တွေမှာ အားနည်းချက်က Soft Skills […]

How does computer work?

ကွန်ပျူတာတက္ကသိုလ်မတက်ခဲ့ရတော့ ကွန်ပျူတာတွေဘယ်လိုအလုပ်လုပ်လဲဆိုတာသေချာ Detail မသိဘူး (Computer တက္ကသိုလ်တက်မှ Abstraction တွေကိုကျော်နိုင်တာမဟုတ်ပါဘူး)။ အားလုံးက Abstraction တွေဘဲဖြစ်နေတယ်။ ဘာလို့လည်းတော့မသိဘူး ဒီ Abstraction တွေကို ဘယ်လို (How) အလုပ်လုပ်လဲဆိုတာကို Programmer စလုပ်ကာစက မစဥ်းစားဖြစ်ဘူး။ High-Level Overview တွေကိုဘဲလေ့လာဖြစ်တယ်။ အခုနောက်ပိုင်း Computer Science နှင့် Math ကို ကိုယ့်ဘာသာ Online က Self Study လုပ်တဲ့အခါမှ Abstraction တို့ How thing work တို့ဆိုတာတွေတွေ့လာရပြီး ဘယ်လိုအရေးကြီးတယ်ဆိုတာ ပိုပိုပြီးသိလာတယ်။ အခုကျွန်တော်တို့သုံးနေတဲ့ Computer ဆိုတာကအများကြီးလုပ်နိုင်တယ်… Program ရေးတာကမစ YouTube တို့ရုပ်ရှင်တို့ကြည့်တာတွေအဆုံးပါဘဲ။ ကျွန်တော်တို့ Laptop ကိုနမူနာကြည့်လိုက်ရအောင်… သူ့ကိုအားသွင်းတယ်… […]

Big O Notation ဆိုတာဘာလဲ

Computer ကျောင်းဆင်းတွေဆိုရင်တော့ Big O ဆိုတာဘာလဲသိကြမယ်ထင်တယ်။ ကျွန်တော်တော့ ကိုယ့်ဘာသာ Algorithm Courses တွေလိုက်တက်ရင်းဟိုဖတ်ဒီဖတ်ဖတ်ရင်းမှ Big O ဆိုတာကြားဖူးပြီးလေ့လာဖြစ်တာပါ။ ကျွန်တော့်အတွက်တော့စလုပ်ခါစမှာ သိပ်မလွယ်ဘူးလို့ခံစားရပါတယ်။ ကျွန်တော်တက်နိုင်သလောက် အလွယ်ကူဆုံးဖြစ်အောင်တော့ကြိုးစားပြီး References တွေယူပြီးရှင်းပြထားပေးပါတယ်။ Big O ဆိုတာဘာလဲကအရင်စလိုက်ကြရအောင်။ ရိုးရိုးရှင်းရှင်းနားလည်အောင်ပြောရမယ်ဆိုရင် Big O ဆိုတာ Programmer အချင်း Algorithm တွေအကြောင်းပြောတဲ့နေရာမှာသုံးတဲ့စကားဖြစ်ပါတယ်။ Algorithm ထပ်ရှင်းရမယ်ဆိုရင် ကျွန်တော်တို့ရေးနေတဲ့ Function တွေဟာ Algorithm တွေလို့အကြမ်းဖျင်းမှတ်သားနိုင်ပါတယ်။ အဲ့တော့ Big O ဆိုတာ ကျွန်တော်တို့ရေးသားနေတဲ့ Program ထဲက Function တွေက input size ပေါ်မူတည်ပြီးတော့နှေးတယ်မြန်တယ်ဆိုတာတွေကိုခွဲခြားပေးတဲ့နည်းလို့ သတ်မှတ်နိုင်ပါတယ်။ နောက် Big O ကိုတစ်နည်း Asymptotic […]

Hexadecimal number system ဆိုတာဘာလဲ

ကျွန်တော်ပြီးခဲ့တဲ့ Post မှာ Binary Number System ဆိုတာဘာလဲဆိုပြီးရေးခဲ့တယ်။ ကျွန်တော်တို့ပုံမှန်သုံးနေတဲ့ 0 to 9 က Base 10, Binary Number System က Base 2၊ အခုကျွန်တော်ဒီနေ့ပြောမယ့် Hexadecimal number system ကတော့ base 16 ဖြစ်ပါတယ်။ ကျွန်တော်တို့ဒီနေရာမှာပြောစရာရှိတာက ဟုတ်ပါပြီ A to F က Number တွေမဟုတ်ဘူးလေဆိုပြီးမေးမယ့်သူတွေရှိမှာပါ… ဒီနေရာမှန်တစ်ချက်ကျွန်တော်တို့ပြန်စဥ်းစားရမှာက 0 to 9 ဆိုတာကလည်းအမှတ်လက္ခဏာတွေဘဲမဟုတ်ဘူးလားဆိုတာပါဘဲ၊ အဲ့လိုတွေးလိုက်ရင် A to F က Number မဟုတ်တာကအဆင်ပြေသွားပြီ။ ပုံမှန်ဆို A က 13 ဖြစ်နေမှာ… အခု Base […]

Binary number system ဆိုတာဘာလဲ

ကျွန်တော်တို့နေ့စဥ်အသုံးပြုနေတဲ့ Decimal Number System ဖြစ်တဲ့သုညကနေကိုးကတော့အားလုံးသိပြီးသားဖြစ်မယ်ထင်ပါတယ်… အဲ့ဒါက သုညကနေကိုးထိဖြစ်တဲ့ Number 10 လုံးကိုအခြေခံထားတဲ့အတွက် Base-10 လို့ခေါ်ပါတယ်ကွန်ပျူတာ programming language တွေအသုံးပြုမှုများလာတဲ့နောက်ပိုင်း နောက်ထပ် Number System တစ်ခုခေတ်စားလာပါတယ်… သူ့ကိုတော့ Binary Number System လို့ခေါ်ပါတယ်။ Binary Number System မှာ Digit 2 လုံးဘဲရှိပါတယ်။ အဲ့ဒါကတော့ သုညနှင့် တစ်ဘဲဖြစ်ပါတယ်။ (0 and 1) Binary Number System ကို Base-2 လို့လည်းခေါ်ပါတယ်။ သူ့မှာ (0/1) နှစ်လုံးဘဲရှိတာကိုး။ကွန်ပျူတာတွေက Binary Number System ကိုနားလည်ပါတယ်။ဘာလို့လည်း?ဘာလို့လည်းဆိုတော့ ကွန်ပျူတာက electrical device ဖြစ်တယ်။ electrical […]